Modern Project Management


1- Introduction To Modern Project Management (ခေတ်သစ်စီမံကိန်း စီမံခန့်ခွဲမှု မိတ်ဆက်)

စီမံကိန်း စီမံခန့်ခွဲမှု ခေတ်သစ်ကို စတင်ခဲ့တာ ၂၀၁၇ မေလ မှာ နှစ် (၆၀) ကျော်ခဲ့ပြီ်ဖြစ်ပါတယ်။ အင်ဂျင်နီယာများ l စီမံကိန်းစီမံခန့်ခွဲသူများ (Project Practitioners) အကြား အသိများကြတဲ့ Planning tool တစ်ခုဖြစ်သော CPM (Critical Path Method) ကို သိပ္ပံနည်းကျ ခေတ်သစ် စီမံကိန်း အချိန်ဇယား ရေးဆွဲခြင်း (Science to the process of time control) အဖြစ် တီထွင်ခဲ့တာ နှစ် ၆၀ ကျော်ခဲ့ပြီ လို့လည်း တစ်နည်းအားဖြင့်ပြောလို့ရပါတယ်။

Critical Path Method (CPM) ကို ၁၉၅၇ မှာစတင်သုံးစွဲခဲ့ပြီး မကြာမီ ၁၉၅၈ မှာ PERT (Program Evaluation & Review Technique) Scheduling tool ကို တီထွင် ခဲ့ပြန်ပါတယ်။ Scheduling အကြောင်းပြောရင် Bar chart/ Gantt chart ချန်ထားလို့မရပါဘူး။ Bar chart ကို ၁၇၆၅ မှာ Joseph Priestley ကစတင် သုံးစွဲခဲ့တာ ယနေ့တိုင် project တွေမှာ သုံးနေဆဲမို့ သက်တမ်း အရှည်ဆုံးသော scheduling tool လို့သတ်မှတ်လို့ ရပါတယ်။ နောက်ပိုင်းမှာ William play fair က ၁၇၈၆ နဲ့ Henry Gantt တို့ ကြောင့် Gantt Chart လို့လည်းအသိများကြပါတယ်။
‌CPM tool မတိုင်မီ Bar chart/ Gantt chart တို့နည်းတူ Flow line scheduling, Line of balance technique နဲ့ Milestone technique တို့လို တို့ကိုလည်း scheduling ဆွဲရာမှာ သုံး ခဲ့ကြပါသေးတယ်။ ၁၉၆၀ အစောပိုင်း မှာ WBS- Work breakdown Structure ကို အမေရိကန် ကြည်းတပ်နဲ့ NASA တို့က စတင်သုံးခဲ့ကြပါတယ်။ WBS ဟာ Project management planning ရေးဆွဲရာမှာ essential tool ဖြစ်ပါတယ်။
၁၉၆၉ မှာတော့ Dr. Martin Barns (UK ) က time, cost and output ( the correct scope at the correct control) တို့ရဲ့ Project မှာ အရေးပါမှု ကို " time & money in control" လို့ ခေါ်တွင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ " Iron triangle" ဒါမှမဟုတ် " triple constraints" အဖြစ် project practitioners များ သိကြတဲ့ project management concept ဖြစ်ပါတယ်။
Project management tools and technique ပိုင်း တဖြည်း ဖြည်း ဖွံ့ဖြိုးလာခဲ့တာကို ဒီနေရာမှာ အပိုင်း ၃ပိုင်းခွဲခြားလေ့လာနိုင်ပါတယ်။
၁၉၆၀-၁၉၉၀ အစောပိုင်းကာလမှာ အဖွဲအစည်း များဟာ Project driven မဟုတ်သေးပါဘူး။ အဲဒီကာလကို Hybrid (Traditional project management) နဲ့၁၉၉၀ -၂၀၀၉ ကာလကို Hybrid modern project management ရယ်လို့ခွဲခြားနို့င်ပါတယ်။

အစောပိုင်းကာလမှာ Organization project development ဟာ non project driven ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်း Globalization ကြောင့် technology change နဲ့ market place change တွေကြောင့် project management ကို organization တွေမှာ အသုံးပြုမှု များလာသလို TQM, Concurrent Engineering, empowerment, Re-Engineering, Life cycle change, risk ....etc process supporting များ တိုးတက်ဖွုံ့ဖြိုး လာမှုကြောင့် စီမံကိန်း စီမံခန့်ခွဲမှု သည် မူလ သန္ဓေတည်ရာ Engineering, defence, and construction နယ်ပါယ်မှ ကျော်ဖြတ်၍ Information technology, business. health care, research, education, social and community development, and organizational development စသည့် ပြင်ပ နယ်ပါယ်များတွင်ပါ အသုံး ချလာမှုကြောင့် အခြားပြင်ပနယ်ပါယ်မှ Tools and techniques များ ( business tools, financial tools, quality control tools, decision making tools ...etc) ကြောင့် ပိုမိုကျယ်ပြန့်စွာ သုံးစွဲလာကြသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါတယ်။

၁၉၅၇ မှာ CPM (Critical path method )ကို စပြီး တီထွင်သုံးစွဲခဲ့ချိန်ကစပြီး ယနေ့ အချိန်ထိ ခေတ်သစ်စီမံကိန်း စီမံခန်ွခွဲမှု နယ်ပယ်မှာ tools and techniques ပေါင်း ရှစ်ဆယ်ကျော်ရှိပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံအများစုနဲ့ စီမံကိန်းစီမံခန့်ခွဲ်မှု ရင့်ကျက်မှု (Project management maturity) အားနည်းနေသေးတဲ့နိုင်ငံ အများစု မှာ တော့ မဖွံ့ဖြိုးသေးတဲ့ ( Latent form)ပုံစံအဆင့်မှာ ရှိနေပါသေးတယ်။ Modern tools and techniques တွေကိုသုံးပြီး စီမံကိန်းများစီမံခန့်ခွဲမှုမှာ အားနည်းနေပါသေးတယ်။
စီမံကိန်းစီမံခန့်ခွဲမှု မှာ ပင်မကျောရိုး (core knowledge area) ဖြစ်တဲ့ scope management, time management, and cost management မှာ လက်ရှိ Modern form မှာ သုံးစွဲနေတဲ့ tools and techniques အချို့ကိုအောက်မှာ ဖော်ပြထားပါတယ်။ သင့်အနေနဲ့ လက်ရှိ project planning လုပ်နေတယ်ဆိုခဲ့ရင် ဘယ်လို tools and techniques တွေကို အသုံးပြုဘူးတယ်ဆိုတာကို ဆန်းစစ်လို့ရပါလိမ့်မယ်။
Tools and Techniques apply in Modern Project Management-
Scope management
1. Scope statement
2. Work breakdown structure (WBS)
3. Mind maps
4. Statements of work
5. Requirement analyses
6. Scope management plans
7. Scope verification techniques
8. Scope change controls
Time management
1. Gantt charts
2. Project network diagrams
3. Critical path analyses
4. Crashing
5. Fast tracking
6. Scheduling performance measurements
Cost management
1. Net present value (NPV)
2. Return on investment (ROI)
3. Payback analyses
4. Earn value management (EVM)
5. Project portfolio management
6. Cost estimates
7. Cost management plans
8. Cost baseline
စီမံကိန်းစီမံခန့်ခွဲမှု ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု Definition ပိုင်းကိုလေ့လာကြည့်မယ်ဆိုရင်-
Global text ဖြစ်တဲ့ PMI(Project Management Institute) ကပြောထားတာက
"Project management is the application of knowledge. skills, tools, and techniques to project activities to meet the project requirements." ဟု ဆိုထားပါတယ်။
Scientific tools and techniques တွေကြောင့် project management ကို စီမံကိန်း စီမံခန့်ခွဲမှု ခေတ်သစ်ကို ဖြစ်စေခဲ့သလို Knowledge and Skills များ ကြောင့်လည်း ပိုမို ပြီး ထိရောက်မှု effectivenessုဖြစ်စေခဲ့ပါတယ်။
Project management ဟာ Knowledge ခေတ်မှာ develop ဖြစ်လာတာရယ် Academician တွေရဲ့ research development ရယ်ကြောင့် အခုဆိုရင် management knowledge areas (10) ခုအထိ ဗဟုသုတရှိအောင် Project practitioner တစ်ယောက်အနေနဲ့ လေ့လာထားဖို့လိုပါမယ်။
Project practitioner တစ်ယောက် သိနားလည်ထားရမယ့် Management Knowledge areas (၁၀) ခုကတော PMI (PMBOK) အရ ပြောရရင်
့်
1. Project integration management
2. Scope management
3. Time management
4. Cost management
5. Quality management
6. HR management
7. Communication management
8. Procurement management
9. Risk management
10. Stakeholder management
တို့ဖြစ်ပါတယ်။
အဓိက ကတော့ management concepts တွေနဲ့ သက်ဆိုင်ရာ tools and techniques တွေကို ကျွမ်းကျွမ်ကျင်ကျင် အသုံးပြု တတ်ဖို့ ဖြစ်ပါတယ်။
အချို့သော စီမံခန့်ခွဲမှု များနည်းတူ စီမံကိန်းစီမံခန့်ခွဲမှု သည်လည်း အဆင့်ဆင့်ဖွံဖြိုးမှု အသုံးချမှုနယ်ပယ်ကျယ်ပြန့် လာမှု တို့ကြောင့် ယခုအချိန်မှာ မူလပင်ရင်း ဖြစ်တဲ့ အထွေထွေ စီမံခန့်ခွဲမှု ( General Management) မှ ခွဲထွက်လာခဲ့ ပြီး သီးခြားဖြစ်တည်လာခဲ့ရတာပါ။ ဒါကြောင့် Project Management Practitioner တစ်ယောက်ဟာ General Management ကိုလည်း လေ့လာ သိရှိနားလည်ထားဖို့ လိုပါတယ်။
Ne Win (28.10.2017)


Comments

Popular posts from this blog