Peter Drucker

စီမံခန့်ခွဲရေးဂုရု သို့မဟုတ် ပီကာဒရက်ကာ
*********************************************
7thSeptember2013
Peter Drucker ကို စီမံခန့်ခွဲမှုပညာ သင်ကြားခဲ့ကြသူ အားလုံးနီးပါးက မသိသလောက်ဖြစ်မည်ဟု ထင်သည်။ စီမံခန့်ခွဲမှု၏ဂုရု သို့မဟုတ် စီမံခန့်ခွဲမှု၏ ပါမောက္ခကြီးဟု တင်စားတတ်ကြသည်၊ အခြား ဆရာကြီးတစ်ဦးဖြစ်သူ Michael Porter နှင့်အတူ Peter Druckerတို့သည်စင်ကာပူကိုကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်အောင်ဖန်တီးခဲ့သော ဝန်ကြီးချုပ် လီကွမ်ယူ၏ စံပြဖြစ်ကြပြီး၊ မကြာခဏ ခေါ်ယူဆွေးနွေးခြင်းခံခဲ့ကြရသူများဟု နာမည်ကြီးသည်။ ယနေ့ ကမ္ဘာတစ်ဝန်းလုံး သင်ကြားနေကြသော စီးပွားရေးစီမံခန့်ခွဲမှု (Business  Management) ပညာရပ်များ၏ အယူအဆများ၊ သီအိုရီ အတော် များများကို ပီတာဒရက်ကာက ပြုစုခဲ့သည်။ သူ့ကို Management by Objective ဟု ကင်ပွန်းတပ်ကြ၏။ ရည်မှန်းချက် ချမှတ် စီမံခန့်ခွဲမှုတွင် သူမတူအောင်ထူးချွန်သူဟု နားလည်နိုင်ပါ၏။

မြန်မာ့စီမံခန့်ခွဲရေးသမားများနှင့်လည်း များစွာမစိမ်းသောသူ ဖြစ်သည်။ သည်ဘက်ခေတ်တွင် Peter Drucker ကို ]ဂုရုထဲမှဂုရု} ဟု တင်စားကြသည်။ မိမိကိုယ်တိုင်လည်း MBA တွင် သူ့အကြောင်း၊ သူ့အတွေးအခေါ်၊ သူ့သီအိုရီ များစွာကို သင်ကြားခံခဲ့ရပါ၏။ Drucker ကို (၁၉ဝ၉) ခုနှစ်တွင် ဩစတြေးလျနိုင်ငံ၌ မွေးဖွားခဲ့ပြီး၊ စီးပွားရေးစီမံခန့်ခွဲမှု၌ များစွာ ထင်ရှားကျော်ကြားခဲ့သူ ဖြစ်သည်။ Harvard Business School က သူ့ကို ညွှန်းဆိုရာတွင်...
“ခေတ်မီ စီမံခန့်ခွဲမှုတို့၏ဖခင်၊ လူမှုရေးဘာသာရပ်ကို ဖြန့်ကျက်ခဲ့သူ၊ စီးပွားရေးဒဿနဆိုင်ရာတွင် အလွန် ထင်ရှားကျော်ကြားသူ”
ဟူ၍ ဖော်ပြချီးကျုးခဲ့သည်။
. ကျွမ်းကျင်မှုပြောင်းလာသူ
  **************************
ဒရပ်ကာ၏ မူလ ကျွမ်းကျင်သက်မွေးဝမ်းကျောင်း (Professional) မှာ ရှေ့နေတစ်ဦးဖြစ်ပြီး Framfurter General Anzeiger တွင် နာဇီတို့ရောက်မလာမီအထိ သတင်းစာသမားတစ်ဦး ဖြစ်ခဲ့သည်၊ ထိုမှတဆင့် လန်ဒန်သို့ ရွှေ့ပြောင်း သွားပြီး ဘောဂဗေဒဆိုင်ရာအတိုင်ပင်ခံ ဖြစ်လာခဲ့သည်၊ (1930s) တစ်ဝိုက်တွင် အရေအတွက်များစွာသော ဘဏ်ကြီးများ၊ အဖွဲ့အစည်းများစွာတို့၏အတိုင်ပင်ခံ ဖြစ်လာသည်၊ (၁၉၃၇) တွင် အမေရိကန်သို့ ထပ်မံ ပြောင်းရွှေ့ပြန်ခဲ့ပြီး၊ (၁၉၄၃) တွင် General Motor ကားထုတ်လုပ်ရေးလုပ်ငန်းကြီး၏ ]မူဝါဒနှင့် ဖွဲ့စည်းမှုဆိုင်ရာ} ကို တာဝန်ယူခဲ့ရသည်။ (၁၉၄၅) တွင် "The Concept of the Corporation" ဟူသော ကော်ပိုရေးရှင်းကြီးများ၏ သဘောတရားနှင့်အယူအဆဆိုင်ရာ စာအုပ်ကို ထုတ်ဝေခဲ့သည်၊ သူ့ဘဝတွင် အဓိက တာဝန်ကြီး (၃) ရပ်ကို ထမ်းဆောင်ခဲ့သည်၊ Bennington College တွင် ဒဿနနှင့် နိုင်ငံရေးပါမောက္ခအဖြစ်လည်းကောင်း၊ New York တက္ကသိုလ်တွင် စီမံခန့်ခွဲရေးပါမောက္ခအဖြစ်လည်းကောင်း၊ Claremont တွင် နိုင်ငံရေးသိပ္ပံနှင့် စီမံခန့်ခွဲမှုပါမောက္ခအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်ပေါင်း (၂ဝ) ကို ရေးသားခဲ့ပြီး၊ အုပ်ရေ သန်းပေါင်းများစွာ ရိုက်နှိပ်ခဲ့ရသည်၊ ၎င်း၏ စီမံခန့်ခွဲရေးဆိုင်ရာ အတွေးအခေါ်များသည် စီးပွားရေး ကုမ္ပဏီများ၊ စီးပွားရေးသမားများအတွက် များစွာအသုံးတည့်၍ လက်တွေ့ကျကျ အကျိုးရှိခဲ့သည်ဟူ၍ နာမည်ကြီးခဲ့ပါသည်၊
Drucker ကျော်ကြားခဲ့သည့်ကဏ္ဍ
************************************
ကမ္ဘာ့ကျော်ကြားသောဂုရုများတွင် တစ်ဦးတစ်ယောက်ချင်းစီ၌ သန်စွမ်းသောကဏ္ဍများ အသီးသီး ရှိကြပါသည်၊ “ခေါင်းဆောင်မှုမှာ အစားထိုးစရာ မရှိပါဘူး၊ စီမံခန့်ခွဲမှုဟာလည်း ခေါင်းဆောင်တွေကို မဖန်တီးနိုင်ပါဘူး၊ အလားအလာ ရှိသော ခေါင်းဆောင်မှုအတွက် ထိရောက်စွမ်းရည်ရှိဖို့ရာ အခြေအနေတစ်ရပ်ရပ်ကို ဖန်တီးနိုင်တာပါ၊ အလားအလာရှိတဲ့ ခေါင်းဆောင်မှုကိုတော့ မွန်းကြပ် ဖိနှိပ်ထားနိုင်တယ်”
Drucker ၏ အမှန်ချီးကျူးခံရသောကဏ္ဍမှာ (၁၉၅၄) တွင် ထုတ်ဝေသော "The Practice of Management" ဟူသောစာအုပ်ဖြစ်ပြီး၊ အမှန်တကယ်စီမံခန့်ခွဲမှု၏ အလေ့အကျင့်ကောင်းများကိုလည်း လက်တွေ့ကျကျ ဖော်ထုတ်ရေးသား နိုင်ခဲ့သူဖြစ်သည်။ ကမ္ဘာ့ကော်ပိုရေးရှင်းကြီးများကို အမှန်တကယ် ထိုက်တန်သော စီမံခန့်ခွဲမှုအကြောင်း မိတ်ဆက်ပေးသော ပထမဦးဆုံးသော စာအုပ်တစ်အုပ်လည်း ဖြစ်သည်၊ အင်္ဂလိပ်လူမျိုး နိုင်ငံရေးသိပ္ပံပညာရှင် Cyril Northcote Parkinson က Drucker ကို...
“ဒရက်ကာသည် စီမံခန့်ခွဲရေးဆိုင်ရာ ဒဿနများကို လက်တွေ့ကျကျ တီထွင်ဖော်ထုတ်နိုင်ခဲ့သူ ဖြစ်သည်၊ အမေရိကန်များသည် စီးပွားရေးတွင် စိတ်ပါဝင်စားကြသော်လည်း အတွေးအခေါ် ဒဿနကောင်းများ မရှိခဲ့၊ ဒရပ်ကာကြောင့် အမေရိကန်တို့ စီမံခန့်ခွဲမှု၌ တိုးတက်မှုများစွာ ရှိလာခဲ့ရသည်”
ဟူ၍ ထုတ်ဖော်ချီးကျူးခဲ့ပါ၏။ ဒရပ်ကာ၏ ကျော်ကြားသော စွမ်းဆောင်ရည်မှာ ]လက်တွေ့ကျကျ} စီမံခန့်ခွဲမှုနှင့် တီထွင်ဆန်းသစ်သော စီမံခန့်ခွဲမှုသဘောတရားပင် ဖြစ်သည်။
.
ခေါင်းဆောင်မှုသည်မွေးရာပါလား
*************************************

ခေါင်းဆောင်မှု အရည်အချင်းနှင့်ပတ်သက်၍ ကမ္ဘာတွင် တစ်ချိန်က ဒီဘိတ်အကြီးအကျယ် ဖြစ်ခဲ့ဖူးသည်၊ ခေါင်းဆောင်များသည် ဘုရားသခင်အလိုကျအတိုင်း မွေးဖွားလာသူ (မွေးရာပါ-Born) ဟူသောအယူအဆနှင့် ခေါင်းဆောင် ဟူသည်မှာ မွေးရာပါမဟုတ်၊ လေ့ကျင့်ယူ၍ရသည်(Not born – it is made) ဟူသောအယူအဆနှစ်ခု ဖြစ်သည်၊ Drucker က မွေးရာပါဆိုသည်ကို စောဒကတက်ခဲ့သူ ဖြစ်၏။ လေ့ကျင့်ခြင်းဖြင့် ရရှိနိုင်သော်လည်း လူတိုင်းကိုတော့ သင်ကြားပေး၍ မရဟု ဆိုသည်၊ တွန်းအားပေးတိုင်းလည်း မရဟု ဆိုသည်၊ သို့သော်လည်း အဖွဲ့အစည်းများစွာကိုမူ Drucker ၏ လေ့ကျင့်သင်ကြား ပေးမှုဖြင့် အရည်အသွေးများစွာ တိုးတက်စေခဲ့ပါသည်၊
စီမံခန့်ခွဲမှုတွင် ရည်မှန်းချက်ရှိရမည်ဖြစ်ကြောင်း MBO – Management By Objective ဟူသောအယူအဆကို Drucker က စတင် မိတ်ဆက်ပေးပြီး၊ ရှင်သန်ဖွံ့ဖြိုးစေခဲ့ပါ၏။ နောက်ပိုင်း ခေတ်စားလာပြီး MBO နှင့် Drucker ကိုတွဲ၍ သိလာခဲ့ကြသည်။ စီမံခန့်ခွဲမှုနယ်ပယ်တွင်လည်း MBO ဟူသောအသုံးအနှုန်းက ရေပန်းစာလာခဲ့၏။
“ရည်ရွယ်ချက်တွေဆိုတာ နေရတကာတိုင်းမှာရှိဖို့ လိုအပ်ပါတယ်၊ စီးပွားရေးလုပ်ငန်းတစ်ခု တည်မြဲဖို့၊ တိုးတက် ကြီးပွားဖို့အတွက် စွမ်းဆောင်နိုင်မှုနဲ့ ရလဒ်တွေက တိုက်ရိုက် အရေးပါနေပါတယ်”
MBO သည် များစွာအရေးကြီးသော နည်းစဉ်တစ်ခုဖြစ်လာပြီး၊ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်စေရန် တစ်ဦးချင်းစီ၏ ဆောင်ရွက်ပေးနိုင်မှု စွမ်းရည်မှတဆင့် ရရှိလာပါ၏။ သူ၏ The Practice of Management က ထပ်မံ၍ ဖွံ့ဖြိုးတိုးတက်စေမှုကို အထောက်အပံ့ပေးခဲ့ပြန်ပါသည်။ လုပ်ငန်းတစ်ခု၏ အခြေအနေကို အားကောင်း ပြတ်သားစွာ ရှုမြင်နိုင် မှု၊ ဖောက်သည်များကို မည်သို့မည်ပုံ ဖန်တီးရယူ ဖော်ထုတ်ခြင်းများ၊ ဦးဆောင်သူ မန်နေဂျာများ၏ အခန်းကဏ္ဍကို ကွက်ကွက်ကွင်းကွင် ရေးသားလာခဲ့သည်၊ ဘဝတစ်ခု၏ သွင်ပြင်လက္ခဏာများအားလုံးကို စီမံခန့်ခွဲမှုက သက်ရောက်ပုံ၊ စီမံခန့်ခွဲ တတ်မှုမှ ဖြစ်ပေါ်လာသော ဩဇာ၊ အာဏာတို့အကြောင်း ရေးသားထားသည်၊
ယခင်က စီမံခန့်ခွဲမှုသဘောတရားတွင် အမြတ်ငွေကို အမြင့်မားဆုံး ရည်မှန်းချက် ထားရှိကြသော်လည်း ဒရပ်ကာ အနေဖြင့် အမြတ်ငွေနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်မှုနယ်ပယ်သို့ရောက်အောင် မည်သို့ဆောင်ရွက်ရမည် ကို မီးမောင်းထိုးပြထားသည်၊ ဒရပ်ကာက လုပ်ငန်းတစ်ခု အောင်မြင်မှုရရှိရေး သေချာရန်၊ အကျိုးအမြတ်ရရှိရေး သေချာရန် မည်ကဲ့သို့ အကောင်းဆုံး စုဖွဲ့ရမည်ကို ထောက်ပြထားသည်၊ ဘဏ္ဍာရေးဆိုင်ရာ မောင်းနှင်မှုကို မည်သို့မည်ပုံ ဆောင်ရွက်ရမည်၊ ရည်မှန်းချက်ကို ရေတို၊ ရေလတ်၊ ရေရှည် မည်သို့ သတ်မှတ်ထားရှိရမည်၊ မည်သို့ ဖန်တီးဆောင်ရွက်ရမည်ကို ဖော်ပြထားခဲ့ သည်။
စီးပွားရေးပုံစံတစ်ခု၊ စီမံခန့်ခွဲရေးပုံစံတစ်ခုတွင် ရည်မှန်းချက်ကို မည်သို့ ပြတ်သားစွာ ထားရှိရမည်မှာ များစွာ အရေးကြီးသည်ဟု Drucker က ယုံကြည်သည်။
- ရှိဆဲအခြေအနေ
- တီထွင်ဆန်းသစ်နိုင်မှု
- စီမံခန့်ခွဲရေးပုံစံ
- အရင်းအမြစ်များ (ရုပ်ပိုင်း+ဘဏ္ဍာရေး)
- အလားအလာ
- မန်နေဂျာများ၏ စွမ်းဆောင်နိုင်မှုအရည်အသွေး
- နောက်ပါများ၏စွမ်းရည်နှင့်စိတ်သဘောထားများ
- အများ၏ တာဝန်ဝတåရားများ
အထက်ပါ အကြောင်းရင်းများ၏ ဆက်စပ်ပုံ၊ ဝန်းကျင်တစ်ခု၏ ဖန်တီးပုံ၊ စီမံခန့်ခွဲမှုပုံစံ ထုတ်ဖော်ပုံ၊ ၎င်းမှ တဆင့် အမြင့်ဆုံးသောရလဒ်ရရှိရန် ဆောင်ရွက်ပုံများကို လက်တွေ့ဆန်ဆန် ဖော်ထုတ်ခဲ့ပါသည်။

ခေတ်သစ် ကော်ပိုရေးရှင်းကြီးများတွင် အား (၃) အားသည် တူရူလမ်းကြောင်းကို သွေဖယ်စေသောကြောင့် ရှောင်ရှားနိုင်ရမည်ဟု ဆိုသည်။ အား (၃) အားမှာ...
- တိုးတက်လာသော စီမံခန့်ခွဲမှု အထူးဆောင်ရွက်ချက်များ
- ဆင့်ကဲအုပ်ချုပ်မှုအလွှာများ
- စီးပွားရေးလုပ်ငန်းများတွင်ရှိနေသော မတူညီသည့်လုပ်ငန်းများ၏ ကွဲပြားသောတူရူများဟူ၍ ဖြစ်သည်။ အထက်ပါအားများကို မှန်ကန်စွာ မဆောင်ရွက်နိုင်ပါက ဝိရောဓိများ၊ ဆန့်ကျင်ဘက်များ ဖြစ်ပေါ်လာမည်ဟု သတိပေးခဲ့သည်။ ဒရပ်ကာဆိုခဲ့သော စကားတစ်ခွန်းက မှတ်သားဖွယ်ရာ ဖြစ်သည်၊
“အလယ်အလတ်တန်းမှာရှိတဲ့ စီမံခန့်ခွဲသူကို အထင်မသေးပါနဲ့၊ စစ်သူကြီး ဂျင်ဂျစ်ခန်က သူ့လက်အောက် စစ်သူကြီးတွေဆီက ဘာကို မျှော်လင့်ခဲ့ပါသလဲ၊ အလယ်အလတ်တန်းမှာရှိတဲ့ မန်နေဂျာတွေ၊ ဂျင်ဂျစ်ခန်လက်အောက်က စစ်သူကြီးတွေဟာ ခေါင်းဆောင်လုပ်သူ အဆုံးအဖြတ်ပေးနိုင်အောင် အခြေအနေအမှန်ကို တင်ပြနိုင်ရမယ်၊ အကြံÓဏ်ရော ပေးနိုင်ရမယ်၊ အောက်ခြေကို ကောင်းကောင်း စီမံခန့်ခွဲထားနိုင်ရမယ်”
အတိတ်ကာလ နှစ် (၅ဝ) ခန့်က မြန်မာတို့သည် ဗဟိုဦးစီးစနစ်ဖြင့် ကြီးပြင်းလာခဲ့ကြပါ၏။ အပေါ်က အမိန့်မပေး လျှင် မလုပ်တတ်ကြသလို၊ အပေါ်ကမခိုင်းလျှင် မလှုပ်တတ်ကြတော့ပါ၊ မိမိထက် တစ်ဆင့်မြင့် စီမံခန့်ခွဲသူကိုလည်း အခြေအနေ အမှန် မတင်ပြရဲ၊ အကြံÓဏ်ပေးနိုင်စွမ်းမရှိ ဖြစ်ခဲ့ရပါ၏။ စီမံခန့်ခွဲရေးဟူသော Management မှာ စီးပွားရေးတစ်ခုတည်း တွင်သာ အသုံးဝင်သည် မဟုတ်ပါ၊ နိုင်ငံရေး၊ လူမှုရေးစသော အထွေထွေရေးရာအားလုံးတွင် အသုံးဝင်လှသော ပညာရပ် ဖြစ် ပါ၏။ သယံဇာတအတွက် Resource Management ၊ လူ့အရင်းအမြစ်စီမံခန့်ခွဲမှုအတွက် Human Resource Management ၊ နိုင်ငံရေးအတွက် Political Management ၊ စသည်ဖြင့် ဆိုင်ရာကဏ္ဍများအတွက် သီးခြားပုံစံရှိသော စီမံခန့်ခွဲမှုများ ရှိနေပါ၏၊ အရင်းအမြစ်များ ကြွယ်ဝသော်လည်း စီမံခန့်ခွဲမှုအားနည်းလျှင် ပလိုင်းပေါက်နှင့် ဖားကောက်သလို သာ ဖြစ်နေပါလိမ့်မည်၊ |ာနဆိုင်ရာစီမံခန့်ခွဲမှုDepartmental Management မှသည် ဝန်ကြီးဌာနများအဆင့် စီမံခန့်ခွဲမှု Ministerial Management ဟူ၍လည်း ရှိပါသည်၊
မူဝါဒကောင်းသော်လည်း စီမံခန့်ခွဲမှုအားနည်းခဲ့ပါလျှင် ပြေးသလောက် ခရီးမတွင်နိုင်ပါချေ၊ စီမံခန့်ခွဲမှုကို အဆင့် တိုင်းက မိမိတို့၏အဆင့်နှင့် လျော်ညီစွာ ဆောင်ရွက်စီမံနိုင်ကြမှသာလျှင် မြန်မာ့အပြောင်းအလဲ ခရီးရောက်မည် ဖြစ်ပါသည်၊ ထို့ကြောင့် အားလုံးတွင် တာဝန်အသီးသီး ရှိကြပါ၏။

Comments

Popular posts from this blog